နောင်မွန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန် စေရေး စိစစ်ဆောင်ရွက်လျက်ရှိ
ကချင်ပြည်နယ်၊ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။