ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ်သည့် ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေသား၊ ရွှေသင်္ကန်းအသစ်တဖန် ကပ်လှူပူဇော်မည်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည့်အပြင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ထီးတော်တင်လှူခဲ့သည့် ရဟန္တာတစ်ထောင် ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေသားရွှေစင်၊ ရွှေသင်္ကန်းတော် တစ်ဖန်ကပ်လှူနိုင်ရေး ယမန်နေ့ မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။