ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ကဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အစိုးရဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ဆင်ဘိုမြို့ ဒိက္ခိဏရာမကျောင်းတိုက်၌ အသိပညာဗဟုသုတတိုးပွား၍ လူမှုအဆင့်အတန်း မြင့်မားလာစေရန် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆင်ဘိုမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဒိက္ခိဏရာမ ကျောင်းတိုက်၌ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွား၍ လူမှုအဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှင်ဗွေယန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ရှင်‌ဗွေယန်မြို့အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁ဝ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့၌ GW-11 စပါးမျိုး စိုက်ပျိုးနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ အနောက်မြောက်ကွင်းရှိ ငါးအိုးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားဦးချစ်‌ရွှေ၏ ဦးပိုင်အမှတ်(၅၅/၄)တွင် GW-11 စပါးမျိုးစိုက်ပျိုးနေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၃) နာရီက ပန်းချီ ပြိုင်ပွဲနှင့် စာအုပ်/စာစောင်ပြပွဲကျင်းပခဲ့သည်၊၊

မချမ်းဘောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အသိပညာပေးခြင်းများကို ယမန်နေ့ညနေ (၃) နာရီက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ရှမ်းမျိုးစုများ၏ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ကြီးမှူး၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ရှမ်းမျိုးနွယ်စုများ၏ ပထမအကြိမ် စုပေါင်းဝါသိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ် ၂၂ ရက် နံနက် ၉ နာရီခွဲက မန်ခိန်ရပ်ကွက်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေး ကော်မတီအသီးသီးမှ တာဝန်ရှိသူများအား တွေ့ဆုံမှာကြား

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက် မြင့်မားရေးအတွက် ကော်မတီအဖွဲ့ဝင်များနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်များ၊ အထက်တန်းပြ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို သြဂုတ် ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးကောင်းမြို့ မန်ရွက်ကျေးရွာ၌ စူပါအီအမ်ဘိုကာရှီ ပြုလုပ်နည်းပြသခြင်း တောင်သူပညာပေးသရုပ်ပြပွဲ ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မိုးကောင်းမြို့နယ်ရုံးက စူပါအီးအမ်ဘိုကာရှီပြုလုပ်နည်းပြသခြင်း တောင်သူပညာပေးသရုပ်ပြပွဲကို မန်ရွက်ကျေးရွာရှိ တောင်သူ ဦးဆန်းညွှန်နိုင်နေအိမ်တွင် ဩဂုတ်(၂၀)ရက် နေ့လယ်(၂)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ ဆရာမများအတွက် အရည်အသွေးမြှင့်သင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါ ကောလိပ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်