ကချင်ပြည်နယ်

မြစ်ကြီးနားမြို့၌ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက် အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်းကျောင်း စာသင်ခန်းများတွင် ဆောင်ရွက်ခဲ့သည်။

ရှင်ဗွေယန်မြို့ (Community Centre) ၌ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများစုပေါင်း၍ (Community Centre) ခန်းမ၌ မွန်းတည့် ၁၂ နာရီခွဲက စာရေးဆရာ အောင်ကိုဦး(UMK) ရေးသားသော "လူငယ်တွေ စဉ်းစားဖို့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

တနိုင်းမြို့ အခြေခံပညာမူလွန်-ကောင်ဂျာကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလွန်-ကောင်ဂျာကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သွင်းအားစု အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း သင်တန်းပို့ချ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဒေသခံတောင်သူများအား စိုက်ပျိုးရေးသုံး သွင်းအားစု အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်း စာတွေ့လက်တွေ့သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ရပ်ကွက် (၂) ရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ် ပြင်ဆင်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ အစီအစဉ် ပြင်ဆင်ရေးဆိုင်ရာသင်တန်းကို ဩဂုတ်လ (၁၇) ရက်နေ့ မွန်းလွဲ(၂)နာရီက ၎င်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက လူကုန်ကူးမှု တားဆီးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။

ရွှေကူမြို့၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို  ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျောင်းသားလူငယ် များဖြင့် ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ Commnity Centre ခန်းမ၌ ဆည်းလည်းသံစာအုပ်ဖြင့် Book Club အဖွဲ့များ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာမ မြကြာငုံရေးသားသည့် ဆည်းလည်းသံနှင့် ရသစုံ ဝတ္ထုများစာအုပ်ဖြင့် Book Club အဖွဲ့ဝင်များက ဩဂုတ် (၁၆) ရက် နေ့လယ် (၁၁) နာရီခွဲတွင် စာဖတ်ဝိုင်းကျင်းပသည်။

ပူတာအိုမြို့၌ မြို့နယ်တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီကကြီးမှူး၍ ဒေသခံလူ ငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုကို လျော့ကျလာစေပြီး အားကစားကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့်လူ ငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်လိုစိတ် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်(၁၃)ရက် မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင်ပြည်သူ့ အားကစား ကွင်း၌ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် နေရပ်ပြန်ကြမည့် ရခိုင်တိုင်းရင်းသားများအား ထောက်ပံ့ငွေများပေးအပ်ပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို သြဂုတ် ၁၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကချင်ပြည်နယ်၌ ပထမဆုံး ဖွင့်လှစ်တည်ဆောက်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာသွားအဝင်လမ်း ဘေးဝဲ/ယာတွင် ကျင်းပပြုလုပ်သည်။
Subscribe to ကချင်ပြည်နယ်