တနိုင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လမုန်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဘောက်နော်နှင့် ဝန်ထမ်းများသည် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)လမုန်၌ သြဂုတ် ၂၂ ရက်နေ့ နံနက် (၉) နာရီက ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။