ကချင်ပြည်နယ်

ဖားကန့်မြို့နယ်၊ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန် သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြိုနယ်အတွင်းရှိ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန် သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် Siphon နည်း ရေပိုက်ဆက်၍ ရေစုပ်ထုတ်ခြင်းနှင့် ရေစီးကြောင်းဖောက်ချခြင်းနည်းလမ်း နှစ်မျိုးတို့ဖြင့် ယမန်နေ့ နံနက်ပိုင်းက ရေကန်အတွင်း၌ ရေဝိတ်လျှော့ချခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိ‌ကြောင်း သိရသည်။ မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာအဆင့်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ လုံးခင်း ဖားကန့်တူးဖော်ရေးဌာနက စီမံဆောင်ရွက်ပေးသည့် ကျောက်မျက်ကုမ္ပဏီ (၄) ခု၏ ယာဉ်/ယန္တရား (၄) စီးဖြင့် အကျယ် (၅) ပေ၊ အနက် (၁၀) ပေ၊ အရှည် (၁၁၀၀) ပေခန့်ရှိသော ရေနုတ်မြောင်းဖောက်လုပ်ပြီး ရေကန်အစပ်‌ ဒိုင်ကျန်အမာခံကျောက်ခုံအား အကျယ် (၅) ပေနှင့် အနက် (၆) လက်မနှုန်းဖြင့် ယမန်နေ့ ညနေ ၄ နာရီက ရေစီးကြောင်းများ ဖောက်ချနိုင်ခဲ့သည်။

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ကျောက်စခန်းပူးပေါင်းစစ်ဆေးရေးဂိတ် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၊ ခရိုင်အတွင်း သီးထပ်စွမ်းအားစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ကျောက်စခန်းပူးပေါင်းစစ်ရေးဂိတ် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအတွက် သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းသည် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

မချမ်းဘောမြို့နယ်တွင် ရှလာမ့်(ခေါ်) တောင်စွန်ဖက်များခူးယူရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ဒေသခံပြည်သူများ သည်မိမိတို့ဒေသ တောတောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော ရဝမ်ဘာသာစကားဖြင့် ရှလာမ့် (ခေါ်) တောင်စွန်ဖက်များကို ခူးယူရောင်းချ၍ မိသားစုအပိုဝင်ငွေများ ရလျက်ရှိကြောင်း သိရသည်။

မချမ်းဘောမြို့တွင် အသက် ၆ လမှ (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် အသက်(၆)လမှ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေးခြင်းကို ဩဂုတ်လ ၂၃ ရက်နေ့ နံနက်(၁၁) နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု လဝမ်ကထောင်ကျေးရွာရှိ “ဂါလိလဲအင်း” လူငယ်ပြုစုပျိုးထောင်ရေး လူမှုအသင်း သင်တန်းဆောင်ခန်းမတွင် ဖွင့်လှစ်လျက်ရှိသည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ပူတာအိုမြို့ အိမ်တွင်းမှုသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်အနက်မှ လူမှုရေးဦးတည်ချက် တတိယအချက်ဖြစ်သည့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့် ဦးတည်ချက်နှင့်အညီ လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်၊စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်း အဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်၊ နူတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း(ပူတာအို)တို့ ပူးပေါင်းမှုဖြင့်ကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ပူတာအိုမြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း (ပူတာအို)သင်တန်းခန်းမ၌ ကျင်းပသည်။

မိုးညှင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြော

ကချင်ပြည်နယ် မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပသည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်း ပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ ကချင်ပြည်နယ်နှင့် နုကျန်းပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဗန်းမော်ခရိုင်အတွင်းရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ တွေ့ဆုံ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးအထူးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပြည်ပပို့ကုန် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဓိကထား ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် သြဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန် သဘာဝဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန် သဘာဝဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီကစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်