ကချင်ပြည်နယ်

မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပုံပြင်ဖန်တီးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲနှင့် ပုံပြင်ဖန်တီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

မိုးညှင်းမြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း (ဘီလူး)၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စီဟဲကျေးရွာ၊ စီဟဲမိုးစပါး စိုက်ကွင်းအတွင်း သဘာဝ မြေသြဇာကြဲပက်ပွဲသို့ တက်ရောက်၊ တောင်သူများထံ သဘာဝမြေသြဇာအိတ်များပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် စီဟဲကျေးရွာ၊ စီဟဲကွင်း မိုးစပါးစိုက်ကွင်းအတွင်း အီးအမ်စူပါဘိုကာရှီမြေဆွေး သဘာဝ မြေသြဇာကြဲပက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

တနိုင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေး အခမ်းအနားကို စက်တင်ဘာလ ၁၂ ရက် နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်ကျောင်းခန်းမ၌ ကျင်းပသည်။

ဝိုင်းမော်မြို့နယ်၌ (HPV) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

မချမ်းဘော၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်းစိမ့်ဝင်ပျံ့နှံ့စေရန်နှင့် ဒေသခံပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့ကျရောက်သော မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ကျရောက်မည့် (၁၁) ကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) ရှိ ကျောင်းခန်းမ၌ ကျင်းပရာ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ သန်းနိုင်စိုးက အဖွင့်အမှာစကားပြောကြားသည်။

ကချင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ တိုင်းဒေသကြီး/ ပြည်နယ် တရား လွှတ်တော် တရားရေးဦးစီးမှူးများ၏ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန် မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့် အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကချင်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ကချင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ဦးအောင်မြင့်၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ တက်ရောက်သည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့နေပြည်သူများအား ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခြေခံ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုနှင့် ပန်းမြို့တော်စီမံချက်ဖြင့် စိုက်ပျိုးထားရှိသည့် ပျိုးပင်များအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနားမြို့နေ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ် ပေါ်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည် ကြီးများ အသင်းနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူတို့ ပူးပေါင်း၍ ဒေသခံများအတွက် ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များအား စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်‌ဈေး၌ ရောင်းချရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ် စည်ပင် သာယာ‌ရေးအဖွဲ့မှ တာ၀န်ရှိသူများနှင့် အတူ ကြည့်ရှုစစ်ဆေးသည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၃ခု နှစ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း မိုးရာသီဘောလုံး အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အထက (မချမ်းဘော) ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်