ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက်နေ ပြည်သူများအား သက်သာဈေး ဖွင့်လှစ်ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး

ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးနှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ထိန်းချုပ်၍ ပြည်သူများ ဝန်ထုတ်ဝန်ပိုးမဖြစ်ပေါ်စေရေး ကချင် ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် မြစ်ကြီးနားမြို့ အပါအဝင် ခရိုင်မြို့ကြီးများအားလုံးတွင် အခွန်လွတ်ဈေး၊ သက်သာဈေးများဖွင့်လှစ်၍ ပြင်ပပေါက် ဈေးနှုန်းထက် ပိုမိုချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ဈေး၌ အခြေခံစားသောက်ကုန်များကို ရောင်းချပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မိုးညှင်းခရိုင်အတွင်း လူထုနှင့်တွေ့ဆုံ၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း၌ သင်ကြားရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် မိုးညှင်းတက္ကသိုလ် (၃)ထပ် စာသင်ဆောင်သစ် ဥဿဖရားဆောင်နှင့် မြရတနာဆောင်များအား ဖွင့်လှစ်ပေး

ကချင်ပြည်နယ်၌ ရောက်ရှိနေသော နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ဗန်းမော်မြို့မှ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ယမန်နေ့နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအသင်း/အဖွဲ့များက ကြိုဆိုကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်း ဝက်မွေးမြူရေးစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် (၇)မိုင်အောင်သာကျေးရွာ ဝက်မွေးမြူရေး ဆောင်ရွက်နေမှုနှင့် ခရိုင်မနောကွင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် (၇)မိုင်အောင်သာကျေးရွာအား ဝက်မွေးမြူရေး စံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်  ၈ နာရီခွဲ အဆိုပါ ကျေးရွာရှိ ဝက်မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်း စစ်ဆေးကြသည်။

မံစီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(ကောင်ရာ)၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(ကောင်ရာ)၏ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို အ.လ.က(ကောင်ရာ) ပညာအလင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၌ စစ်ဘေးရှောင် အိမ်ထောင်စု (၃၄) စုအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်၌၊ စစ်ဘေးရှောင် အိမ်ထောင်စု (၃၄) စုအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊

မိုးညှင်းမြို့၌ အကူသူနာပြု(ပြင်ပ) ကိုးလသင်တန်း ပထမအသုတ် သင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အကူသူနာပြု (ပြင်ပ) ကိုးလသင်တန်း ပထမအသုတ် သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၃) ရက် နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို သက်သာဈေး အရောင်းဆိုင်ဖွင့်လှစ်ရောင်းချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်(၇)နာရီတွင် ဈေးကုန်းရပ်ကွက် စည်ပင်သာယာဈေးအနီး၌ သက်သာသော ဈေးနှုန်းဖြင့် သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေး ဟောပြောပွဲနှင့် ဆု ပေးပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြော ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အခြေခံပညာအထက်တန်း  (မြို့မ) ကျောင်း၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

ပူတာအို၌ မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ပြည်သူများအလွယ်တကူ ဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတရရှိစေရန်နှင့် မိုးကြိုးဘေးအန္တရာယ်ကာကွယ်ရေးကို ပြည်သူများသိရှိပြီး လိုက်နာလာစေရန်အတွက် မိုးကြိုးဘေးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်ပိုင်းက ကျောင်းသားကျောင်းသူများ စိတ်ဝင်တစား လာရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံ၌ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်