ဆွမ်ပရာဘွမ်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကျင်းပ
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။