နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တနိုင်းခရိုင်အတွင်း ပြည်သူလူထုနှင့် တွေ့ဆုံ၊ ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားတက္ကသိုလ်ဝန်ထမ်း မိသားစုများအား သက်သာဈေးဖွင့်လှစ်ရောင်းချပေးနေမှုကို ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့မှ တနိုင်းခရိုင်၊ တနိုင်းမြို့သို့ ယမန်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် တပ်မတော် ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြသည်။