ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရဝမ်နှစ်ခြင်းအသင်းတော် ယာယီတိမ်းရှောင်စခန်း အိမ်ထောင်စုများနှင့် မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာများသို့ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့ပေးအပ်
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ယာယီတိမ်ရှောင်ပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် မိဘမဲ့ကလေးများပြုစုစောင့်ရှောက်ရေးဂေဟာများရှိ ကလေးငယ်များ အဆင်ပြေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။