မြစ်ကြီးနားမြို့၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးနှင့် အခွန် ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေး အခွန်ပညာပေးရှင်းလင်းဆွေးနွေး
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေ တိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာ တည်ဆဲဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်/တည်းခိုခန်း၊ ရွှေဆိုင်နှင့် ဖုန်းဆိုင်လုပ်ငန်းရှင်များ (၁၁၀)ဦးတို့အား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။