ကချင်ပြည်နယ်

ဖားကန့်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့်‌ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်‌ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဖားကန့်မြို့ အခြခံပညာအထက်တန်း‌ကျောင်း ဥရုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မီစေ‌ရေး ကွင်းဆင်းစစ်ဆေး

ငါးအိုးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများ၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာအုပ်စုရှိ တူးရိန်ကွင်းအား သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး မန်ခိန်ရပ်ကွက်အတွင်း ရေလျှံတားကျောက်စီမြေထိန်းနံရံနှင့် တမံတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား နှစ်စဉ်မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ပြည်သူများ စည်းစိမ်ဥစ္စာ နစ်နာဆုံးရှုံးမှုမရှိစေ‌ရေး၊ မြစ်ရေအမြင့်ဆုံးမြင့် တက်လာနိုင်မှုမှ ကာကွယ်နိုင်ရေး ယခုဘဏ္ဍာနှစ်စတင်၍ ရေလျှံတားမြေထိန်းနံရံလုပ်ငန်းများ၊ ရေထိန်းတံခါးများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၂ နာရီက တာဝန်ရှိသူများနှင့်အတူ ဗလမင်းထင်တံတားအထက်ပိုင်း၊ မန်ခိန်ရပ်ကွက်အတွင်း ရေလျှံ တားကျောက်စီမြေထိန်းနံရံနှင့် တမံ တည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုးကောင်းမြို့နယ် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) တွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) တွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ထူးရအောင် သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၊ ပြည်နယ်နှင့်မြို့နယ်အဆင့် ဆုရရှိသည့် ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မိုးကောင်းမြို့တော်ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီတွင်ကျင်းပခဲ့ရာ အခမ်းအနားကို အ.ထ.က(၂)မိုးကောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာပန်းခင်း”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် VOHBIK (ဗိုဟ်ဗစ်)ကလေးများဂေဟာနှင့် မနောသုခဘုန်းတော်ကျောင်းရှိ ကျောင်းသားကလေးငယ်များအတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များနှင့် ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိဘကလေးဂေဟာများ၊ ဘုန်းတော်ကြီးသင်ကျောင်းများရှိ ကျောင်းသားကလေးငယ်များ နေထိုင်စားသောက်မှုအဆင် ပြေစေရေးနှင့် ပညာသင်ကြားမှု ချောမွေ့စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့နယ် ပလန-၂ ကံ့ကော်မြိုင်ကျေးရွာအတွင်းရှိ VOHBIK ကလေးများဂေဟာနှင့် မနောသုခဘုန်းတော်ကြီးကျောင်းတို့အား သွားရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် သယံဇာတရေးရာဝန်ကြီးဌာနအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေကူမြို့ ဘောဂဗလ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့်  စာဖတ်ဝိုင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေမှရရှိသည့် ဗဟုတသုတများကို တစ်ဦးနှင့်တစ်ဦးမျှဝေ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ နယ်လှည့်လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ ၁၈ ရက် နံနက် ၈ နာရီခန့်က ဘောဂဗလ အခြေခံပညာ အလယ်တန်းကျောင်းသို့ နည်လှည့်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီး(ရွှေအိုက်)ရပ်ကွက်အတွင်းရှိ ရှမ်းမျိုးနွယ်စုယာယီတိမ်းရှောင် စခန်းနေ မိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ ပမ္မတီး (ရွှေအိုက်) ရပ်ကွက်အတွင်းရှိ ရှမ်းမျိုးနွယ်စုများယာယီတိမ်းရှောင်စခန်းနေ မိသားစုများအား ယနေ့ မွန်းလွဲ ၃ နာရီက အခြေခံစားသောက်ကုန်များကို တာဝန်ရှိသူများနှင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ်(၁)အခြေခံအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိသည်။

တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ G-12 တွင်ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၁) အခြေခံအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်