ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်းစီမံကိန်းများ လည်ပတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမတည်ပေးထားသည့် လုပ်ငန်းစီမံကိန်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြကာ ပူတာအိုမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။