ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ရေကြီးမြင့်မှုကြောင့် မြစ်ကမ်းပါး ပြင်ဆင်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ရေထိန်းတံခါး၊ ကမ်းထိန်းနံရံများအား လှည့်လည်ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်၌ ပြီးခဲ့သည့် ဇွန်လအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ အပါအဝင် ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးဖြစ်စဉ်ကြောင့် ထိခိုက်ပျက်ဆီးမှုများ ကနဦးစစ်တမ်းကောက်ယူခြင်းနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အမြန်ရေယာဉ်များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။