ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၉၄၁ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များပေးအပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ထောက်ပံ့ပေးအပ်လျက်ရှိသည်။