တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းနှစ်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

တပ်ကုန်း အောက်တိုဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ မကျီးပင်ကျေးရွ ာအခြေခံပညာအထက်တန်းကျောင်းများတွင် စာဖတ်ရှိန် မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ အဆိုပါကျောင်းများတွင် ကျင်းပခဲ့သည်။

ဦးစွာ သပြေချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ကျောင်းသား၊ လူငယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူတော်လူကောင်းများဖြစ်လာစေရေး၊ နောင်တစ်ချိန် တွင် နိုင်ငံတော်က အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ "အားလပ်ချိန်မှာ စာဖတ်ပါ"ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင်  မကျီးပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် အလားတူဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ စာဖတ်ချင်းဖြင့် ရရှိလာမည့်အကျိုး ကျေးဇူးများ အသိပညာပေးနံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့် သက်ဆိုင်သည့်စာအုပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်စိုးလွင်