ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မောင်းရမ်းကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးမျိုးဇော်၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့သည်။