နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများ ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် သဲကျွန်းကျေးရွာနှင့် ဇလောင်း(မြောက်)ကျေးရွာအတွင်းရှိ စာကြည့်တိုက်များတွင် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုအား‌ပေးသည်။

တပ်ကုန်းမြို့နယ်၌ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် မဲစာရင်းကပ်ထားကြေညာမည့် လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ဒီဂျစ်တယ်နည်းပညာအသုံးပြု ဈေးကွက်ရှာဖွေအသုံးချသင်တန်း အမှတ်စဉ် (၂) ဖွင့်လှစ်

နေပြည်တော် MSME Association မှဖွင့်လှစ်သည့် ဒီဂျစ်တယ်နည်းပညာ အသုံးပြုဈေးကွက် ရှာဖွေအသုံးချသင်တန်းအမှတ်စဉ်(၂)ကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ သပြေကုန်းရှိ MSME Association အသင်း ရုံးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်ပွဲ တက်ရောက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပသည်။

ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းခွင်များသို့ ဦးစီးအရာရှိ(မြို့ပြ) မွမ်းမံသင်တန်းသား/ မွမ်းမံသင်တန်းသူများ ကွင်းဆင်းလေ့လာကြည့်ရှု

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းခွင်များသို့ ယနေ့နံနက်ပိုင်းက အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးဆောင်၍ ဦးစီးအရာရှိ (မြို့ပြ) မွမ်းမံသင်တန်းသား/ သူများ ကွင်းဆင်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်အလိုက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City၊ Green City ၊ Smart City ဖြစ်စေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များတွင် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ စုပေါင်းရုံး၌ ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ် ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ကြည့်ရှုအားပေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဟိုတယ်ဇုန်ဧရိယာစိမ်းလန်းစိုပြေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်ကောင်စီနှင့် ဆွမ်းလောင်းအသင်းများအား ဆန်၊ ဆီ၊ ပဲ လောင်းလှူဒါန်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် စက်တင်ဘာ ၂၅ ရက်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်များတည်ဆောက်ပြုပြင်ရေးနှင့် ဟိုတယ်ဇုန်ဧရိယာစိမ်းလန်းစိုပြေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း မိုးသီးနှံအပြီး ဆောင်းသီးနှံ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များနှင့် တွေ့ဆုံ၊ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်အတွင်း မိုးသီးနှံအပြီး ဆောင်းသီးနှံရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များ၊  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ပန်းချီ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Golden Future ကိုယ်ပိုင်မူလတန်းကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ပန်းချီ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ