ဇမ္ဗူသီရိမြို့နယ်၌မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များအားလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ပို့ချပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းတာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။