နေပြည်တော်ကောင်စီနယ်မြေ

ဥတ္တရသီရိမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သီရိ(၅)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ပုဗ္ဗသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဇေယျာသီရိမြို့နယ်၌ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆို

၂၀၂၅ ခုနှစ်၊ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇေယျာသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများမှ ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ် ဖြေဆိုခဲ့ရာ  စာစစ်ဌာနငါးခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၃၉၉ ဦး၊ ဖြေဆိုသူပေါင်း ၁၃၉၅ ဦး၊ ပျက်ကွက်သူပေါင်း ၄ ဦး၊ ၉၉ ဒသမ ၇၁ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ ၁၅၇၉ ဦး ဖြေဆို

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။

ဒက္ခိဏသီရိမြို့နယ်၌ သဘာဝဘေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆက်လက်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ငလျင်ဘေး၊ ရေဘေးအသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌  ဆောင်ရွက်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက သာစည်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုလျက်ရှိ

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

တပ်ကုန်းမြို့နယ်၌ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆို

၂၀၂၅ ခုနှစ်၊ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများမှ ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ဖြေဆိုခဲ့ရာ  စာစစ်ဌာနရှစ်ခုတွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၈၁၆ ဦး၊ ဖြေဆိုသူပေါင်း ၁၇၉၃ ဦး၊ ပျက်ကွက်သူပေါင်း ၂၃ ဦး၊ ၉၈ ဒသမ ၇၃ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လယ်ဝေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၄၇၈ ဦး ဝင်ရောက်ဖြေဆို

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၊  မြန်မာစာဘာသာရပ်အား စာစစ်ဌာန ၁၁ ခုတွင်  စတင်ဖြေဆိုလျက်ရှိသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ