နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်၌ ဆေးဆိုင်များတွင် သတ်မှတ်ညွှန်ကြားချက်အတိုင်း ရောင်းချရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဆေးဆိုင်များတွင် သတ်မှတ်ညွှန်ကြားချက်အတိုင်း ရောင်းချရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦး​မြင့်စိုး၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရာက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သင်တန်းသားများ၊ သင်တန်းသားများ၏ မိဘများနှင့် ဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားသော “ငဩ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်၌ အစေ့ထုတ်ပြောင်း ၁၇၆၃ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဝါ၊ ပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးလျက်ရာ အစေ့ထုတ်ပြောင်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားတက်ရောက်ပြီး သဲကောကြီးကျေးရွာတွင် စာကြည့်တိုက်တည်ဆောက်မည့် မြေနေရာအားကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ)စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းခန်းမ၌ကျင်းရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးနှင့်ဇနီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊  ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

၂၀၂၄ ခုနှစ်၊ “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ CAE ကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နေပြည်တော်၌ (၃၇)ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၇)ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ၌ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းနှင့်အညီ ‌ရောင်းချမှုရှိ/မရှိ ကို ဇွန်လ (၂၅) ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများခွေးရူးပြန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဇေယျာသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးပြန်ရောဂါကာကွယ်နိုင်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျည်တောင်အုပ်စု သာယာဝှမ်းကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ