နေပြည်တော်ကောင်စီနယ်မြေ

ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်အား စာရေးသူနှင့်အတူ နေပြည်တော်စာပေဝိုင်းမှ စာရေး ဆရာ၊ ဆရာမများ ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် ကြဲပက်စိုက်ပျိုးခြင်း နည်းစနစ်ပပျောက်ရေး၊ ခေတ်မီစိုက်ပျိုး နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁)အလတ်စား လယ်ယာသုံးစက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံ၌ လယ်ယာစိုက်ပျိုးရေး စက်ကိရိယာများအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့၏ နာယက၊ လယ်ဝေးမြို့နယ် ဂုဏ်မင်းအိုင်ကျေးရွာ သဘာဝတရားရိပ်သာတွင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနေမှုကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့၏နာယက ဒေါ်သီတာဇင်၊ နေပြည်တော်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့နယ်၊ စိုင်ခေါင်းရိုးအုပ်စု၊ ဂုဏ်မင်းအိုင်ရွာ၊ သဘာဝတရားရိပ်သာတွင် နေထိုင်လျက်ရှိသော နေရပ်ရှောင်ပြည်သူများအားကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်၊ စာကြည့်တိုက်အဆောက်အဦအသစ် တည်ဆောက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ရာသီဥတုသာယာမျှတကောင်းမွန်စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန်နှင့် သစ်ပင်၊ သစ်တောများ၏ အကျိုးကျေးဇူးကို သိရှိနားလည်ပြီး သစ်ပင်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်လမ်း(ရာဇသင်္ဂဟလမ်းမှ တော်ဝင်ရတနာလမ်းအထိ) မြေနေရာ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အသင်းအဖွဲ့များမှ တာဝန်ရှိများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ် ဘိုကာရှီမြေဆွေးပုံ လက်တွေ့ ပြုလုပ်ခြင်းနှင့် အခြောက်မျိုးစေ့ချစက်(Dry Seeder)ဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ တက်ရောက်၊ ကံကြီးဇုန် မွေးမြူးရေးလုပ်ငန်းရှင်နှင့် “ပန်းသပြေ” ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့သည် တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စု၊ ရေတွင်းဖြူ ကျေးရွာ၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်၏ “ရွှေဟိန်း” ဆန်စက် ယာယီမဏ္ဍပ်ကို ယနေ့နံနက်ပိုင်းက ရောက်ရှိရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းလွင်၊ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ဥတ္တရခရိုင် ရဲတပ် ဖွဲ့မှူး ဒုရဲမှူးကြီး စံသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများက ကြိုဆိုကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် MSME နှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် MSME နှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ(၁)၌ကျင်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများတက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီမှ ကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ အမှတ် - ၂ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဝင် နေပြည်တော်အဆင့်ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် သက်သာသောနှုန်းထားဖြင့် ဆန်များကိုစားသုံးသူပြည်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံစားသုံးသူများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူရရှိစေရေးအတွက် နေပြည်တော်ကောင်စီ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များပူးပေါင်း၍ ဇွန် ၂၄ ရက်နေ့မှ ၂၇ အထိ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် အထိုင် ပုံမှန်ဆန်အရောင်းဆိုင်များနှင့် Mobile ဈေးကားများဖြင့် ရပ်ကွက်/ ကျေးရွာများတွင် လှည့်လည်၍ဆန်များကို သက်သာသောဈေးနှုန်းဖြင့် အလှည့်ကျရောင်းချပေးလျက် ရှိသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

တပ်ကုန်းမြို့နယ်၌ နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်တွင် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူထုလှုပ်ရှားမှုအသွင်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ကျန်းမာရေးပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်ရှိ မဟာဇနကဘုန်းတော်ကြီးကျောင်း၊ မဟာ ဇနကဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ
Subscribe to နေပြည်တော်ကောင်စီနယ်မြေ