နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့နယ်၌ အစေ့ထုတ်ပြောင်း ၁၇၆၃ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဝါ၊ ပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးလျက်ရာ အစေ့ထုတ်ပြောင်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ) စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားတက်ရောက်ပြီး သဲကောကြီးကျေးရွာတွင် စာကြည့်တိုက်တည်ဆောက်မည့် မြေနေရာအားကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အေလာ)စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းခန်းမ၌ကျင်းရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦးနှင့်ဇနီး၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊  ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

၂၀၂၄ ခုနှစ်၊ “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ “ကမ္ဘာ့အအေးပေးပစ္စည်းများနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ CAE ကိုယ်ပိုင်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး နေပြည်တော်၌ (၃၇)ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ (၃၇)ကြိမ်မြောက် အပြည်ပြည်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ၌ သတ်မှတ်ဈေးနှုန်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းနှင့်အညီ ‌ရောင်းချမှုရှိ/မရှိ ကို ဇွန်လ (၂၅) ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများခွေးရူးပြန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဇေယျာသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ခွေးရူးပြန်ရောဂါကာကွယ်နိုင်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျည်တောင်အုပ်စု သာယာဝှမ်းကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်နေထိုင်သည့် အသက်(၁၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ လယ်သာကျေးရွာအတွင်းရှိ အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (Yellow Generation Wave-YGW) တွင် နေထိုင်သည့် အသက်(၁၅)နှစ်အောက် ကလေးငယ်များအား အထူးအစီအစဉ်ဖြင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဇွန် ၂၅ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဇေယျာသီရိမြို့နယ်ရှိ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအား ခွာနာ၊ လျှာနာရောဂါအကြောင်း အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဇေယျာသီရိမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအား ခွာနာ၊ လျှာနာရောဂါအကြောင်း အသိပညာ ပေးဟောပြောခြင်းကို  ယမန်နေ့မွန်းလွဲပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာ၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်၌ ဝမ်းစာစပါးဖူလုံရေး မိုးစပါးများကို ၄၈၄၇၂ ဧက လျာထားစိုက်ပျိုးမည်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိရာ ဝမ်းစာစပါးဖူလုံရေး မိုးစပါးများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ