နေပြည်တော်ကောင်စီနယ်မြေ

ဇေယျာသီရိမြို့နယ်ရှိ ကျွဲ၊ နွားများအား ခွါနာ၊ လျှာနာ ရောဂါကာကွယ်ဆေးများအခမဲ့ထိုးနှံ

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၌ မွေးစမှ (၂)နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။

စပါးနှင့်ပြောင်းသီးနှံများ အထွက်နှုန်းတိုးတက်ရရှိရေး စနစ်တကျစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာမှ တောင်သူဦးဌေး၏ လယ်ယာမြေတွင် စပါးနှင့်ပြောင်းသီးနှံ အထွက်နှုန်းတိုးတက်ရရှိရေးအတွက် စနစ်တကျထွန်းယက်ကာ ဇူလိုင်လ ၁ ရက်နေ့က စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည် သင်တန်းဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ပေါက်ပင်သာကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သင်ကြားသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဦးလှငွေ၏ ဝိုင်းခြံအတွင်း ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁ ရက်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဉ်ကျေးရွာ၌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးစေရန် တာဝန်ရှိသူများနှင့်တွေ့ဆုံ

ဓနပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးစေရန်ရည်ရွယ်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းကို ဇွန် ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်၊ ခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းရဲနန္ဒာစိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကျေးချောင်းကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့နယ် ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြော ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြူတွင်းကျေးရွာအုပ်စုအတွင်းရှိ အဘိုအဘွားများအား သွားရောက်ထောက်ပံ့ခဲ့သည်။

ပျဉ်းမနားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံ

ပျဉ်းမနားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သစ်လေးလုံးကျေးရွာ၌ ထိုးနှံပေးခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ