တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲကို ယမန်​နေ့နံနက် ၁၁ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဥတ္တရခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်လီဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်​ရောက်ခဲ့သည်။

 ​အဆိုပါ သင်တန်းဆင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဥတ္တရခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်လီဝင်းက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်း စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့် လက်တွေ့သန်းခေါင်စာရင်းကောက်ယူရာတွင် သင်တန်းမှပို့ချသည့်ဘာသာရပ်ဆိုင်ရာများ၊ သင်ကြားမှုနည်းစနစ်များကို မိမိတို့၏အတွေ့အကြုံနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းမေးခွန်းပါ အချက်အလက်များကို မှန်မှန်ကန်ကန်ရရှိအောင် မေးမြန်းစာရင်း ကောက်ယူရန်လိုအပ်ပါကြောင်း၊ ဘာသာရပ်သင်ခန်းစာများအပြင် စာရင်း​ကောက်များအ​နေဖြင့် ​ဖြေဆိုသူများ မကြိုက်နှစ်သက်သည့် စကားအသုံးအနှုန်းများ မသုံးကြရန် လိမ္မာပါးနပ်စွာ​မေးမြန်းကြရန်  သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသည့် အချက်အလက်မှန်ကန်မှသာ နိုင်ငံ၏ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး စု​ပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

တပ်န်းမြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွင် ဆရာ၊ ဆရာမပေါင်း ၂၀၇ ဦး၊ တပ်တော်သား ၃၄ ဦးနှင့် စိတ်ပါဝင်စားသူပေါင်း ၅ ဦး၊ စုစုပေါင်း ၂၄၆ ဦး တက်ရောက်ကြကြောင်း သိရသည်။

တင်စိုးလွင်