နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ခင်းများကို ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် ပြန်လည်စိုက်ပျိုးပေးနေမှုနှင့် လမ်းပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာအနီး ကွင်းအမှတ်(၁၇၃၂)အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူဦးကျော်ဆန်း၏ မိုးစပါးစိုက်ခင်းဧက ၁၆ ဧကတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ခြောက်တန်းသွား ကောက်စိုက်စက်များဖြင့် မိုးစပါးများ ပြန်လည်စိုက်ပျိုးပေးနေမှုကို သွားရောက်ကြည့်ရှုသည်။