ဦးစီးဌာန(ရုံးချုပ်)

လွယ်ဂျယ်မြို့၌ စားသောက်ဆိုင်များအား လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ /မရှိ ကို ယနေ့ နံနက်(၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

လိပ်သိုမြို့တွင် ဟင်းသီးဟင်းရွက်ဆိုင်ရာနည်းပညာနှင့် မျိုးစေ့ရရှိမှု စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကက်သလစ် ဓမ္မာရုံတွင် ဟင်းသီးဟင်းရွက် ဆိုင်ရာနည်းပညာနှင့် မျိုးစေ့ရရှိမှု စွမ်းရည်မြှင့်တင်ရေး သင်တန်း ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့တွင် အချိန်တိုအတွင်း ယာယီဘေလီတံတား တည်ဆောက်ပြီးစီးခဲ့သဖြင့် ယာဉ်များ ဖြတ်သန်းသွားလာ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီအနီး၊ ကော့သောင်း−ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီး ယာဉ် အန္တရာယ်ကင်းရှင်းရေး အချိန်တိုအတွင်း ယာယီဘေလီတံတား တည်ဆောက်ခြင်းကို ယမန်နေ့ နံနက်အစောပိုင်းက စတင်တည်ဆောက်ကာ တည်ဆောက်မှု ပြီးစီးခဲ့သဖြင့် ယာဉ်များဖြတ်သန်းသွားလာနေပြီးဖြစ်ကြောင်း သိရသည်။

ဘုတလင်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံး၊ မဟာ ဗန္ဓုလအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်ရောက်ရှိရန် ၅ စင်တီမီတာသာလို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေမှတ်သည် ၂၁၀၈ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၅ စင်တီမီတာသာလိုတော့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

လွိုင်လင်မြို့နယ် ပထမအကြိမ်မဲစာရင်းကြေညာထားရှိမှုတွင် ပြင်ဆင် ဖြည့်စွက် လျှောက်ထားသူများ စာရင်းပြင်ဆင်ဆောင်ရွက်

၂၀၂၀ ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများကို သက်ဆိုင်ရာ ရပ်/ကျေးရုံးများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ အထိကြေညာထားရှိခဲ့သည်။ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းကြည့်ရှုပြီး သတ်မှတ်ထားသည့် ပုံစံအသီးသီးဖြင့် လျှောက်ထားရာ လွိုင်လင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

နမ့်ဆန်၌ ဆန္ဒမဲပေးစဉ်လုံခြုံချောမွေ့စေရေး မဲရုံအသုံးပြုမည့် လျားထားနေရာများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင် ချောမွေ့စွာကျင်းပနိုင်ရန် မြို့နယ် ကော်မရှင် အဖွဲ့ခွဲတာဝန်ရှိသူများနှင့် ရပ်ကျေးကော်မရှင် အဖွဲ့ဝင်များတို့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ လျာထားမဲရုံနေရာများ၏ လိုအပ်ချက်များအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက် များ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

မူဆယ်မြို့၌ မဲစာရင်းများမှန်ကန်တိကျမှုရှိစေရေးအတွက် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင်းရှိ မဲဆန္ဒရှင်စာရင်းကပ်ထားမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရေးနှင့် မဲဖောင်းပွမှုမရှိစေဘဲ ပြည်သူတိုင်းမဲပေးနိုင်ရန်အတွက် ယမန်နေ့မွန်းလွဲ (၃) နာရီခွဲအချိန်က ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဟိုပန်မြို့၌ နမ့်တိန်ချောင်းရေတက်၍ စိုက်ပျိုးသီးနှံများ ဧက(၁)ထောင်ကျော်ရေကြီး နစ်မြုပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် ဩဂုတ်လ(၁၉)ရက်နေ့တွင် နမ့်တိန်ချောင်း နှင့်ထိစပ်လျက်ရှိသည့် မန်မိုင်ရပ်ကွက်၊ မန်ကောင်း ရပ်ကွက်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့ကျေးရွာ၊ ဟင်းနားကျေးရွာ၊ နောင်ဟေ့ကျေးရွာ၊ စံပြကျေးရွာ များရှိ စိုက်ပျိုးသီးနှံ့များ ရေကြီးနစ်မြုပ်မှု များဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဒိုးပရယ်ကျေးရွာအုပ်စု လောထောတနောကျေးရွာ၊ ဒိုးပရယ်ကျေးရွာ၊ ဝယ်သူတော် ကျေးရွာနှင့် ထီးဒူးခူကျေးရွာတို့တွင် အသိပညာပေးလုပ်ငန်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)