ဦးစီးဌာန(ရုံးချုပ်)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး (၁၂၂၈၂) ဧက စိုက်ပျိုးပြီးစီး

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မိုးစပါး စိုက်ပျိုးရာသီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခုတွင် ရွှေဘိုပေါ်ဆန်းစပါး (၁၂၂၈၂) ဧကကို စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အုတ်ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှု (၉၀)ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက် မှု (၉၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

သီပေါမြို့နယ်၌ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်ကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန် အတွက် ပညာပေးသင်တန်းဖွင့်လှစ်

သီပေါမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်−၁၉ကာလအတွင်း စီးပွားရေးအပေါ် ထိခိုက်မှု သက်သာစေရေး စီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (CERP) COVID-19 Economic Relief Plan အရဖွင့်လှစ်သော သိုး၊ ဆိတ်မွေးမြူထုတ်လုပ် သင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ဘော်ကြိုကျေးရွာတွင် ဖွင့်လှစ် သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၌ ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာသိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်ရန် ယနေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မိမြို့ဖ၊ အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်များပူးပေါင်း၍ ရွေးကောက်ပွဲလက်ကမ်းစာစောင်၌ မဲဆန္ဒရှင်စာရင်းများ ကြေငြာချက်များကို ပြည်သူများ ကျယ်ကျယ်ပြန်ပြန့် သိရှိနိုင်ရေး၊

ကျုံ​ပျော်တွင် ​ထောက်ပံ့​ကြေး​ပေးရန် ကိုယ်ဝန်​ဆောင်နှင့် က​လေးငယ် စုစု​ပေါင်း (၄၀၀၀) ကျော် စာရင်း​ကောက်ယူရရှိ

ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်ရှိ ကိုယ်ဝန်​ဆောင် မိခင်များအားလုံးနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁) ရက်​နေ့မှ စတင်​မွေးဖွား​သော က​လေးငယ်များအားလုံးကို ​ထောက်ပံ့​ကြေး​ပေးရန် စာရင်းများ​ ကောက်ယူခဲ့ရာ စုစု​ပေါင်း (၄၀၀၀)ကျော် စာရင်း ရရှိခဲ့ကြောင်း သိရသည်။

ဝေါလေမြိုင်မြို့တွင် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီက စာရေးဆရာ ဖေမြင့်ရေးသားသော "အပြောင်မြောက်ဆုံးဘဝတစ်ခု တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်းသိရသည်။

မရမ်းကုန်းမြို့နယ်တွင် (Mobile Library) ရွေ့လျားစနစ်ဖြင့် ပြည်သူများထံအရောက် စာအုပ်များသွားရောက်ငှားရမ်းပေး

ရန်ကုန်အနောက်ပိုငိးခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ စာပေဝါသနာပါသူများ၊ စာဖတ်ဝါသနာပါသူ များထံ လက်ဝယ် အရောက် စာပေဖတ်ရှုနိုင်ရန် အတွက် Mobile Library စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့သည်။

ငွေဆောင်မြို့တွင် နယ်မြေလုံခြုံရေးအတွက် ယာဉ်များအား ပိတ်ဆို့ရှာဖွေခြင်းနှင့် လှည့်ကင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးများ ဖြတ်သန်းသယ်ဆောင်မှု မရှိစေရေးနှင့် မှုခင်းကျဆင်းရေးတို့အတွက် ယမန်နေ့ ည ၉ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးနှင့် ငွေဆောင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက လှည့်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။

မေတ္တာမြို့၌ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်(၁၀)နာရီက အသိပညာပေးနံရံကပ် စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြသည်။

ထီးလင်းမြို့ အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခင်းကျင်းမည်

ရပ်ကွက်နေပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူချောမွေ့စေရေးတို့အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အမှတ်(၂)ရပ်ကွက် ဘုရင့်နောင်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)