ရန်ကုန် ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ပြည်သူများ အား ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကာ ယနေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့်နှင့် အခြေခံကျန်းမာရေး ကျွမ်းကျင် ပညာရှင်များက အဖွဲ့များခွဲ၍ ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံသူများအား ကာကွယ်ဆေး မထိုးနှံခင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေး ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပြီး ဆေးထိုးသင့်သည့် သူများကိုသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးရာ အဆိုပါ ကာကွယ်ဆေးသည် တစ်ကြိမ်သာ ထိုးနှံပေးရမည့် ကာကွယ်ဆေးဖြစ်ပြီး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခဲ့ပြီး ထိုသို့ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ရုရှားနိုင်ငံထုတ် Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီလ(၂၃)ရက်နေ့အထိ ရပ်ကွက်နေပြည်သူ (၂၆၄၅)ဦး ထိုးနှံပေးခဲ့ပြီး ဆက်လက် ထိုးနှံလျက် ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အင်းစိန်မြို့နယ်ရှိ ရပ်ကွက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အခြေ အနေများကို စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ရှောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင် မှုဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊ ပရဟိတအသင်း/အဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)