ပိုင်ကျုံတိုက်နယ်‌ ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး သတ္တမအသုတ်(ဒုတိယ)အကြိမ် ပထမရက်တွင်(၂၈၅)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ပိုင်ကျုံ   ဇန်နဝါရီ  ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေး ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက် (၁၈) နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို   ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ယမန်နေ့ နံနက်၈နာရီ မှစတင်၍ သတ္တမအသုတ်(ဒုတိယ)အကြိမ် ထိုးနှံ‌ပေးလျက်ရှိရာ လူဦးရေ (၂၈၅) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ယနေ့တွင် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးဦး ဆောင်ပြီး   ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ဝန်ထမ်းများတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်း တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံရာတွင်  အဆင်ပြေလွယ်ကူစေရန်အတွက်  ပူးပေါင်းပါဝင်    ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

စောဂျိုးဇက်ဂျူး (ပိုင်ကျုံ)