ဦးစီးဌာန(ရုံးချုပ်)

မိုးနဲမြို့နယ်၌ စိုက်ပျိုးရေးသုံးပစ္စည်းအ‌‌ရောင်းဆိုင်များ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချနိုင်ရေး စစ်ဆေးခြင်းနှင့်အသိပညာ‌‌ပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်ခရိုင် ၊မိုးနဲမြို့နယ် စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများလိုက်ပါလျက် မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်း‌ ဆိုင်များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲ တော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက ''ဘက်စုံ ပညာ''သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပပြုလုပ်ခဲ့သည့် အားကစားပြိုင်ပွဲများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဆေးရောင်ခြယ် ပြိုင်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နေ့လည် ၁၂ နာရီက ကျင်းပသည်။ 

မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်ဘက်မှ ကြံများ တရုတ်နိုင်ငံဘက်သို့ တင်ပို့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်ဘက်မှ ကြံများကို တရုတ်နိုင်ငံဘက်သို့ ယခုအခါ တင်ပို့နေပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်တစ်ဦးထံမှ သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)