ဘုရားစေတီများတွင် ရေသပ္ပာယ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းများဖြင့် စုပေါင်းကုသိုလ်ယူဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ သမိုင်းဝင်စေတီပုထိုးများနှင့် ရပ်ကွက်၊ ကျေးရွာများတွင် တည်ထားကိုးကွယ်လျက်ရှိသော စေတီပုထိုးများအား ရေသပ္ပာယ်ခြင်း၊ ရောင်တော်ဖွင့်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။