ဦးစီးဌာန(ရုံးချုပ်)

​​​​​​​လဲချားတွင် လူငယ်နှင့်မူးယစ်ဆေး အန္တရာယ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မူးယစ်ဆေးအသိပညာပေး နည်လှည့်ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် ဟောပြောဆောင်ရွက်ခဲ့သည်။

လင်းခေးတွင် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မန့်ဟီးရိုးမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းပိတ်ရက်များ၌ စာဖတ်/စာငှား ကျောင်းသား/သူများ တိုးပွားလာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာတိုက်တွင် ကျောင်းပိတ်ရက်များနှင့် အားလပ်ချိန်များတွင် စာဖတ်ကျောင်းသား/သူများ၊ စာငှားဒေသခံပြည်သူများ တိုးပွားလာလျက်ရှိပါသည်။

ဟိုပန်၌ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းနှင့်စပ်လျဉ်း၍ တွေဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်

နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းနှင့်စပ်လျဉ်း၍ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်လွဲ ၁ နာရီ ခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၉ ဂူ ဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်များဖူးမြော်ပြီး နံရံပန်းချီများကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေး ဘုရားဖူးလာရောက်ခဲ့ပါက ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၉ ဂူ ဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်များဖူးမြော်ပြီး၊ အလွန်ရှေးကျသည့် နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။         

မိုဝိုင်းလွတ်မြို့၌ ဆင်ခရမ်းချဥ်သီး စျေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မိုဝိုင်းလွတ်မြို့၌ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းအဖြစ် ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့၏တောင်ယာစပါးခင်းထဲတွင်ဆင်ခရမ်းချဥ်သီး ဒေသခေါ် (မပူ ) ကိုကြားညှပ်စိုက်ပျိုးကြသည်။

အမ်းမြို့နယ်၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မြစ်ရေတင် စီမံကိန်းဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မြစ်ရေတင် စီမံကိန်းဆောင်ရွက်ရန် အမ်းမြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာရှိ ကွင်းအမှတ်-၂၇၁ ၌ လယ်မြေအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မိုင်းယန်းမြို့၌ ရောင်းချရန်ကန့်ကွက်သည့်် ထုတ်ကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မြို့ယန်းမြို့နယ်တွင် ရောင်းချရန်ကန့်ကွက်သည့် ထုတ်ကုန်ပစ္စည်းများရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက   မြို့မဈေးအတွင်း ဈေးဆိုင်များ၊ ကုန်စုံဆိုင်များသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)