ဦးစီးဌာန(ရုံးချုပ်)

ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဆဒုံးမြို့၌ ခေါပုတ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ဒေသအစားအစာဖြစ်သော ခေါပုတ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချသူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိသည်။

မက်မန်းမြို့နယ်၌ လမ်/တံတားလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လမ်း/တံ တားလုပ်ငန်းများအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် အိတ်ဖွင့်တင်ဒါ စိစစ်ရွေချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းခရိုင် လမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီများ လှည့်လည်ရောင်းချပေး

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် စားသုံးဆီများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ နမ့်ပလပ်ချောင်းကူးကွန်ကရစ် တံတားတည်ဆောက်ခြင်းလုပ်ငန်း (၆၈)ရာခိုင်နှုန်းပြီးစီး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပူတာအိုမြို့နယ် ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့-မန်စေ-မန်စေခွန်လမ်း (ပူတာအိုလွင်ပြင်ပတ်လမ်း) ပေါ်ရှိ နမ့်ပလပ်ချောင်းကူး ကွန်ကရစ်တံတားအား အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု(၆၈)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမှတ်(၁၁)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အဆောင်အသစ် (၁)ဆောင် ဆောက်လုပ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဘဏ္ဍာနှစ်အလိုက် အခြေခံပညာကျောင်းများ တွင် ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးသည့်အပြင် ပြင်ဆင်ရမည့် ကျောင်းဆောင် များအား ပြင်ဆင်ပေးခြင်း ၊ကျောင်းဥပဓိရုပ ကောင်းမွန်ရေး ကျောင်းဝန်အုတ်တံတိုင်း များကာရံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃

သုံးခွမြို့နယ်အောင်မြေ လောကသွန်းဘုရားကြီး၀င်းအတွင်း ဌာနဆိုင်ရာများပူး‌ပေါင်း၍ စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် အောင်မြေလောက သွန်းဘုရားကြီး ဂေါပကအဖွဲ့၀င်များ ပူးပေါင်း၍ အောင်မြေလောက သွန်းဘုရားကြီး၀င်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ဝတ်ရွတ်အဖွဲ့များမှ ပရိတ်ဂါထာတော်များ ရွတ်ဖတ်ပူဇော်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင် ပူဇော်ချိန်တွင် ဝတ်အသင်းအဖွဲ့များမှပရိတ်တော်နှင့် အပြင်အောင်ခြင်းဂါထာတော်များ ရွတ်ဖတ် ပူဇော်ခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန် တော်ကြီးတွင် ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်အတွင်း ဆောင်းသီးနှံလျာထားချက်ပြည့်မီရေးအတွက် တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်                  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်းသီနှံလျားထားချက်ပြည့်မီရေးအတွက် တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အင်းကုန်းကျေးရွာ စိုက်ခင်းများသို့ သွားရောက်ခဲ့သည်။

အထောင်မြို့တွင် ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်

ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု လျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်မှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)