ဗန်းမော်မြို့၌ ကြိုတင်မဲဆန္ဒရှင် (၆၈) ဦး၏ ကြိုတင်ဆန္ဒမဲလက်မှတ်များ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဖြည့်သွင်း
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ပုံစံ(၁၅) ဖြင့်တောင်းဆိုထားသည့် ပြည်တွင်းမဲဆန္ဒနယ် ပြင်ပရောက် (ပုံစံ ၁-၁) ကြိုတင် မဲဆန္ဒရှင် (၆၈) ဦး၏ ကြိုတင် ဆန္ဒမဲလက်မှတ်များ ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဖြည့်သွင်းခြင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့သည်။