ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးဦးမန်ဟင်းဒါလ်း တီးတိန်ပိုးချည်စက်ရုံ၏ ခေတ်မီပိုးချည်စက်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ချင်းပြည်နယ်၊ တီးတိန်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီပိုးချည်စက်သစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ က တီးတိန်မြို့ပိုးချည်စက်ရုံနှင့် ပိုးစာသုတေသနခြံ၌ ပြုလုပ်သည်။