သံတောင်ကြီး အောက်တိုဘာ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြိနယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မဲရုံထားရှိမည့် သံတောင်မြို့ အ.ထ.ကကျောင်းအား မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှုများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် မဲရုံထားရှိမည့် ကျောင်းများတွင် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ /မရှိ နှင့် မီးဘေးကြို တင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းကို သံတောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ မီးသတ်ဦးစီးဌာနမှ ဒု-မီးသတ်ဦးစီးမှူးဦးစိုးသူနှင့် ဝန်ထမ်းများ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိ ရသည်။
မြို့နယ်(ပြန်/ဆက်)