ဝေးလံခေါင်ဖျားဒေသသတင်းများ

မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များကို တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ပြီး မတူပီ-မင်းတပ်မြို့အဝင်ဂိတ်၊ မတူပီ−ပလက်ဝလမ်းဂိတ်နှင့် မတူပီ−ဟားခါး လမ်း ရှိ ဖနိုင်ကျေးရွာအဝင်ဂိတ်များတွင် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ရေး ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့က ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆိုလာမီးအိမ်နှင့် မီးဖိုများ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ဆိုလာမီးအိမ်နှင့် မီဖိုများကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက် လိပ်ကုန်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

မင်းတပ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ယခင်နှစ်ထက် (၄၅၀၀)ကျော် တိုးလာ

မင်းတပ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ(၄၅၀၀)ကျော် တိုးလာကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။

ကိုကိုးကျွန်းမြို့နယ် Quarantine Centre မှ ခရီးသည်(၅၈)ဦးအားနေရပ် များသို့ပြန်လည်ပို့ဆောင်

ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးမှကို ကိုးကျွန်းမြို့နယ်သို့(၂၀-၁၀-၂၀၂၀)ရက်နေ့တွင်သင်္ဘောခရီးစဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်၅၈ဦးအား

ကိုကိုးကျွန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်းကိုယနေ့ နံနက် ၉ နာရီအချိန် ၌ ကိုကိုးကျွန်းမြို့နယ် အထကခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် (အမှတ်စဉ်-၂) သင်တန်းဖွင့်

၂၀၂၀-ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (အမှတ်စဉ်-၂) မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းပို့ချခြင်းကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့အခြေခံပညာ အထက်တန်းကျောင်း (ဇလပ်ဝါ) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ကြသည်။

မတူပီမြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်

ချင်းပြည်နယ်၊ မတူပီခရိုင်၊မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်းတန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မတူပီနှစ်ခြင်းဘုရားရှိခိုးကျောင်းတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများကို ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်း ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူသူ လူနာအမှတ်(၂၃၁၃၆)အား ဆေးရုံဆင်းခွင့်ပြု

မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ လူနာအမှတ်(၂၃၁၃၆) ရောဂါသက်သာပျောက်ကင်းပြီဖြစ်၍ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ဆေးရုံဆင်းခွင့်လက်မှတ် ပေးအပ်ခဲ့ကြောင်းသိရသည်။

ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာစောင့်ကြည့်ထားရှိ

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် အောက်တိုဘာ ၂၄ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ