ရိခေါ်ဒါရ်၌ နေရပ်ပြန်လာသူ နှစ်ဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantine နေရာ၌ အသွားအလာစောင့်ကြည့်ထားရှိ

ရိခေါ်ဒါရ်      အောက်တိုဘာ   ၂၆

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသားနှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မှတစ်ဆင့် အောက်တိုဘာ ၂၄ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည် အမျိုးသားတစ်ဦးနှင့်အမျိုးသမီး တစ်ဦးတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကာနန်ကျေးရွာ၌   နေထိုင်သူများ ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျမ်ဖိုင်မြို့သို့ သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာ ကြသူများဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူနှစ်ဦးအား ရိခေါ်ဒါရ်မြို့ ပြည်ပမှပြန်လာသူများ ကြိုဆိုလက်ခံရေးစခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေ အထိ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်လာသူ နှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်းရှိ Facility Quarantine Center ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိခဲ့ကြောင်း၊ ရိခေါ်ဒါရ်မြို့ Facility Quarantine နေရာတွင် လက်ရှိအခြေအနေ၌အသွားအလာစောင့်ကြည့်ထားရှိသူ  ၂၉ ဦး ထားရှိနေဆဲဖြစ်ကြောင်း သိရသည်။      

ရိခေါ်ဒါရ် ပြန်/ဆက်