ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကို ယနေ့နံနက် ၇ နာရီခွဲက မြို့မစည်ပင်သာယာဈေးနှင့် ခမိုးကားဝင်းယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေ စခန်းတို့၌ ဆောင်ရွက်ခဲ့သည်။