စာရေးဆရာကြီး ဇေယျ၏ နှစ်(၁၂၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုဖွင့်ပွဲ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ပြုလုပ်
နိုင်ငံကျော်စာရေးဆရာကြီး ဇေယျ(ဦးယော)၏ နှစ်(၁၂၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းရှိ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ယနေ့နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။