ဝေးလံခေါင်ဖျားဒေသသတင်းများ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အုတ်ဖိုမြို့ နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လှုမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ-ထ-က ကျောင်းအနီး နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ အကောင်ထည်ဖော်ဆောင်ရွက်မည့် ဘူးတောင်းကျေးရွာတွင် မီးလင်းရေးလုပ်ငန်း စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းမှ စတုတ္ထနှစ်စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ​သော ဘူးတောင်းကျေးရွာအုပ်စု၊ ဘူးတောင်း ကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင်၊ ရွေးချယ်ဖော်ထုတ်ထားသော ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား နေပြည်တော်တွင်ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနက ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ အဟာရသုခဈေးတွင် ကျင်းပသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နွေရာသီ သောက်သုံးရေ ကူညီဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ရေးနှင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မြိုင်မြို့စည်ပင်သာယာဈေးတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူဦးစီးဌာနက ထုတ်ဝေသော စားသုံးသူအခွင့်အရေးများနှင့် ပြန်လည်ကုစားခြင်းဆိုင်ရာ အချက် ၈ ချက်ပါ ပညာပေး လက်ကမ်းစာစောင်များကို

စေတုတ္တရာမြို့နယ် သံဆည်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အာဖရိကအပြင်းဖျားရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် သံဆည်ကျေးရွာ၌ ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊‌ ဟင်္သာတခရိုင်၊‌ လေးမျက်နှာမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ဖြန့်‌ဝေခဲ့ကြောင်း သိရသည်။

ဂန့်ဂေါတွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ လက်ကမ်းစာစောင်များဖြန့်ဝေ

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ဂန့်ဂေါမြို့၊ မြို့မစျေးတွင် စားသုံးသူ ရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်စိုးယုဆွေဦးဆောင်၍ ယနေ့ နံနက်ပိုင်းက လက်ကမ်းစာစောင်များ ဖြန့်ဝေကြသည်။

မြဝတီမြို့၌ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြန့်နှံ့မှု အခြေအနေကြောင့် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံဘက်သို့ ပြန်လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဝင်ထွက်သွားလာသူများအား ထိုင်း-မြန်မာနှစ်နိုင်ငံ အဝင်/ အထွက် များ နယ်စပ်ဂိတ်များမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိစေရန် ရောဂါများ စစ်ဆေးခြင်း၊ အဖျားတိုင်းတာခြင်း၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်း ဆောင်ရွက်

ကိုရိုနာဗိုင်းရပ်စ် ပတ်သက်သည့် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေး အသိပညာပေး စကားဝိုင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူတို့ ပူးပေါင်း၍ ယမန်နေ့ ည ၈ နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ