ဝေးလံခေါင်ဖျားဒေသသတင်းများ

မိုင်းယောင်း၌ စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် မေ ၁၇ ရက်နေ့က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “စာအုပ်က လူကိုပြုပြင်ပါတယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာလေမြို့ သစ်တောဦးစီးဌာန ပျိုးဥယာဉ်၌ မိုးရာသီအတွင်း စိုက်ပျိုးရန် သစ်ပင်ပျိုးပင်ပေါင်း ၁၄၀၀၀ ပျိုးထောင်ထားရှိ

ပြောင်းလဲလာသောရာသီဥတု၏ ပူပြင်း‌ခြောက် သွေ့သည့်ဒဏ် ခံစားရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် သစ်တေသစ်ပင် စိမ်းလန်းစိုပြည်ရေးနှင့် သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ် စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တာချီလိတ်ခရိုင်၊ တာလေမြို့ သစ်တောဦးစီးဌာနက အများပြည်သူတို့ မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အတွင်း သစ်ပင်များကို ပျိုးထောင်‌ ပေးလျက်ရှိသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ CovidShield ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေးခြင်း အခမ်းအနား ကျင်းပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်ပြုလုပ်သည့် သံဃာတော်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အသက်(၆၀)နှစ် နှင့်အထက်ရှိ သူများအား CovidShield ကာကွယ်ဆေး(ဒုတိယ)အကြိမ် ထိုးနှံပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုင်းရယ်တွင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် မတ် ၁၀ ရက်က ပထမ အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် နိုင်ငံ့ဝန်းထမ်းများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဒေသခံပြည်သူများကို ဒုတိယအကြိမ်အဖြစ် ဧပြီလ ၂၁ ရက်နံနက် ၁၁ နာရီက မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်း၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

တန့်ယန်းမြို့၌ ဆရာတော် သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် မြို့နယ်ရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော် သံဃာတော်ကြီးများအား ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁၀)ရပ်ကွက်ရှိ တပ်ဦးကျောင်းတိုက်၌ စတင်ထိုးနှံပေးခဲ့သည်။

မိုင်းယုမှတစ်ဆင့် အထူးဒေသ(၄)၊နမ့်ပန်းသို့ ဝင်ရောက်လိုပါက ကိုဗစ်ဆေးထောက်ခံချက်/လက်မှတ်နှင့်အတူQuarantine ဝင်ပြီးမှ သွားလာခွင့်ရမည်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မိုင်းယု-ကျိန်းယဲန်းတံတားမှတစ်ဆင့် NDAA(မိုင်းလား)အဖွဲ့နယ်မြေ၊ နမ့်ပန်းဒေသသို့ သွားရောက်လိုပါက ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်(သို့) ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်းလက်မှတ်ပြကာ Quarantine(၁၄)ရက် ဝင်ရောက်ပြီးမှ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့ထံမှ သိရသည်။

မိုင်းယောင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD)ကို ဧပြီ ၂၂ ရက်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ စုရပ်ထားရှိပြီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဘောလခဲခရိုင်၊ မြို့နယ်နှင့်ရပ်/ကျေး စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်

ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးခင်မောင်ဦးသည် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၀၉၀၀) နာရီအချိန်တွင် ဘောလခဲမြို့၊ စောလဖော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဘောလခဲခရိုင်၊ မြို့နယ်နှင့် ရပ်/ ကျေး စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ