ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နမ့်စန်မြို့ရှိမြို့ဦးဘုန်းတော် ကြီးကျောင်းအား ဆွမ်းဆန်တော် လှူဒါန်း
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်နိုင်နိုင်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူး၊ တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၁၀)နာရီကလွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ မြို့ဦး ဘုန်းတော်ကြီးကျောင်းအား သွားရောက်ကာ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်းသိရသည်။