မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ဒေါက်တာစိုးသန်း မိတ္ထီလာခရိုင်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ထောက်ပံ့ ပစ္စည်းများ ပေးအပ်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းသည် ယမန်နေ့မွန်းလွဲ ၁ နာရီ ၃ဝ မိနစ်က မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်နှင့်မြို့ နယ်များမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ထောက်ပံ့ရေးပစ္စည်းများကို မိတ္ထီလာမြို့နယ် ကန်တော် မင်္ဂလာခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။