တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ ထံ လှူဒါန်းထောက်ပံ့ငွေပေးအပ်

ထားဝယ်      မတ်   ၃၁

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ)ထံလှူဒါန်းထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီ ၃၀ အချိန်က ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ကျင်းပသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့်ဝန်ကြီးများက ထားဝယ်ခရိုင်အတွင်းရှိ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတဆောင်ရွက်လျက်ရှိသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလူထုအခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ)ထံ ထောက်ပံ့ငွေကျပ် သိန်း (၃၀) အားပေးအပ်ရာ  တာဝန်ရှိသူများက လက်ခံယူသည်။

ဆက်လက်၍ မြိတ်နှင့်ကော့သောင်း ဒေသတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် လူထုအခြေပြုအထောက်အကူပြုအဖွဲ့များထံသို့လည်း ငွေကျပ်သိန်း (၃၀) စီ ဆက်လက်လှူဒါန်း ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကျော်ကျော်လတ်(ခရိုင်ပြန်/ဆက်)