ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မချမ်းဘောမြို့နယ်များအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၄ ရက်တွင် ပူတာအိုမြို့နယ်အတွင်း ပူတာအိုလွင်ပြင်ပတ်လမ်း ဖောက်လုပ်နေမှုနှင့် မချမ်းဘောမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။