ဟားခါးမြို့ ပြည်သူ့ဆေးရုံအတွက် တပ်မတော်က လှူဒါန်းသည့် အောက်ဆီဂျင် Plant ရောက်ရှိမှု ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး
ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အတွက် တပ်မတော်မှ လှူဒါန်းသည့် အောက်ဆီဂျင် Plant သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ကြသည်။