ဝေးလံခေါင်ဖျားဒေသသတင်းများ

ချီဖွေမြို့နယ်၌ အငြိမ်းစားပင်စင် လစာငွေများ ထုတ်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မြန်မာ့စီပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ မြန်မာ့စီးပွားရေး ဘဏ်၌ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းများနှင့်အညီ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးခဲ့ကြောင်းသိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ်တွင် (၁၃၅၀)ဦးအား ထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၆၅)နှစ်အထက်နှင့် အုပ်စု(၁၂)စုအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ၊ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ဖား​ဆောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် သွားလာခြင်း ရှိ/မရှိ စစ်​ဆေးခြင်းနှင့် ပိုးသတ်​ဆေးဖျန်းခြင်းများဆောင်ရွက်​

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများ စားဝတ်​နေ​ရေး​ ပြေလည်​စေရန်၊ ကုန်စည်စီးဆင်းမှုများ ပြတ်လပ်မှု မရှိ​စေရန်နှင့် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ပျံ့နှံ့မှုများကို ထိ​ရောက်စွာ ကာကွယ်နိုင်​စေရန် ရည်ရွယ်၍ ယ​နေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ဝင်ထွက်သွားလာသည့် ယာဉ်များအား ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ သွားလာခြင်း ရှိ/မရှိ စစ်​ဆေးခြင်း၊ ပိုးသတ်​ဆေးဖျန်းခြင်းများ ​ဆောင်ရွက်​ပေးခဲ့​ကြောင်းသိရသည်။

လာအိုနိုင်ငံပြန် ကတ်ဖွီးကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံတွင် အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ယနေ့နေ့လည်ပိုင်းက Quarantine Center တွင် ဝင်ရောက်နေသော ကတ်ဖွီး ကျေးရွာနေ ကိုယ်ဝန်ကိုးလ လွယ်ထားသူ အမျိုးသမီးတစ်ဦးထံတွင် အတည်ပြုလူနာအဖြစ် ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

ပြင်စလူမြို့တွင် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအား တတိယအကြိမ် ဆန်နှင့်ဆေးဝါးများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆင်ရဲနွမ်းပါးသော အိမ်ထောင်စုများအား ဆန်နှင့်ဆေးဝါးများ တတိယအကြိမ် လှူဒါန်းပေးခြင်းကို ပြင်စလူမြို့ မင်္ဂလာသိဒ္ဓိကျောင်း၊ ကျောင်းထိုင်ဆရာတော် အရှင်အာနန္ဒာ ဦးဆောင်၍ ယမန်နေ့ ညနေ ၃ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့၌ တိုင်းရင်းသားဘာသာစကားဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေး နှိုးဆော်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက် ၇ နာရီက မချမ်းဘော့မြို့ စည်ပင်သာယာဈေးတွင် မြန်မာ၊ ကချင်၊ ရ၀မ်၊ ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များတွင် သာယာလှပစေရန် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ပေါ် ရပ်ကွက်များ၌ သာယာလှပစေရန် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို ယနေ့ နံနက်ပိုင်း ၇ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ် မုဒုံကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည် ထုတ်ချေး

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပြန်လည် ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့နယ်၊ ပူတောင်း ကျေးရွာအုပ်စု မုဒုံကျေးရွာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ချေးငွေများ ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်ရေး မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၂) ရပ်ကွက်ရာအိမ်မှူးနှင့်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကမမောင်းမြို့အတွင်းရှိရပ်ကွက်များ၌ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က မြို့အတွင်းရှိ ရပ်ကွက်များ၌ လှည့်လည်နှိုးဆော် ခဲ့ကြောင်းသိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ