ထန်တလန်မြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းပို့ချ
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး ဝန်ထမ်းများအား ဝန်ထမ်း စွမ်းဆောင်ရည်မြင့်မားပြီး စိုက်ပျိုးရေး နည်းပညာလုပ်ငန်းများကို တောင်သူများထံသို့ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်နိုင်ရေး ပိုမိုထိရောက်မှုရှိစေရန်နှင့် တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်း အောင်မြင်မှု ရရှိစေရန်အတွက် စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမတွင် ပို့ချခဲ့ကြောင်း သိရသည်။